စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

လူပုံအလယ်၌ ချီးမွမ်းခြင်း

ဈေးဝယ်စင်တာတစ်ခုရှိ စားသောက် ဆိုင်တွင် လူများပုံမှန် စားသောက်နေကြစဉ် လူတစ်ဦးက ရုတ်တရက်ထပြီး “Hallelujah Chorus” ဓမ္မတေးကို မရှက်မကြောက်၊ ချီးမွမ်းဆို လိုက်ရာ စားသောက်နေသူများလန့်ဖြန့်သွား သည့် ဗွီဒီယိုပြကွက်ကို You Tube တွင် ကြည့်ခဲ့ရပြီး ကျွန်တော် သဘောကျမိသည်။ လူတိုင်းအံ့အားသင့်လျက် မှင်တက်နေစဉ် လူ တစ်ယောက်ပြီးတစ်ယောက်ထကာ သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။ အချိန်ခဏလေးအတွင်း ဟန်ဒဲလ်၏ အကျော်ကြားဆုံး ဓမ္မတေးသီချင်း သံပြိုင်ချီးမွမ်းသံများ ဆိုင်အတွင်းမြည်ဟီးသွား သည်။ ခရစ်ယာန်အော်ပရာပြဇာတ်ကုမ္ပဏီတစ်ခုက ၎င်းတို့၏အစေခံ အဆိုတော်များကို ဈေးဝယ်စင်တာများ၌ အမှုတော်ဆောင်ရန် ခန့်ထားခြင်းဖြစ်ပြီး၊ နေ့စဉ်ပုံမှန် ဈေးဝယ်သူ များ၏ အသက်တာတွင် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရေး ၎င်းတို့က မထင်မှတ် သော နည်းလမ်းများဖြင့် ဝမ်းမြောက်စွာ အစေခံခြင်းဖြစ်သည်။
ထိုဗွီဒီယို ပြကွက်ကို ပြန်လည်ကြည့်ရှုတိုင်း စိတ်လှုပ်ရှားကာ မျက်ရည်ဝဲမိ သည်။ ခရစ်တော်၏သဏ္ဌာန်ကို ယူတင်ဝတ်ဆောင်ပြီး…

အန္တရာယ်ရှိသောစိန်ခေါ်ချက် ပြဿနာ

နိုက်ဂါရာ ရေတံခွန်ကို ဖြတ်ကျော် သွယ်တန်းထားသည့် အချင်း ၅ လက်မလုံးပတ်ရှိ ပြီး ပေ ၁၈၀၀ ရှည်လျားသည့် ကြိုးတန်းပေါ်မှ နစ် ဝေါ်လန်ဒါ စွန့်စားဖြတ်လျှောက်နေပုံကို ရုပ်မြင်သံကြားမှတစ်ဆင့် ပရိတ်သတ်သန်းပေါင်း များစွာက ရင်ခုန်စွာ ကြည့်ရှုခဲ့သည်။ ကြုံတွေ့နိုင် သည့်အန္တရာယ်၊ စိန်ခေါ်မှု အခက်အခဲမှန်သမျှ အတွက် သူကြိုတင်ပြင်ဆင်ပြီးသားပါ။ သို့သော် အဟုန်ပြင်းစွာ စီးဆင်းနေသည့်ရေထုအပေါ်မှ ဖြတ်လျှောက်သည့် စွန့်စားမှုတွင် ရေတံခွန်မှ လွင့်စင်လာသော ရေမှုန်ရေမွှားများက အမြင်ကို ဝေဝါးစေသည်။ ထို့ပြင် လေတိုက်နှုန်းပြင်းသဖြင့် သူ့ခန္ဓာကိုယ် ဟန်ချက်လွဲမှာစိုးရသည်။ အရေးထဲ ရေမှုန်များကြောင့် ခြေထောက်ရေစိုကာ ခြေကုပ်ယူရန် ခက်ပြီ။ အန္တရာယ်များသည့် အခြေအနေကြောင့်ဖြစ်မည်။ စွန့်စားပြသစဉ် သူသည် ဘုရားထံအလွန် ဆုတောင်းကာ ဂုဏ်တော်ချီးမွမ်းခဲ့သည်။
ဣသရေလလူတို့သည်လည်း အန္တရာယ်များဝိုင်းနေစဉ် ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။ ၎င်းတို့ကို တိုက်ခိုက်ရန် ရန်သူတပ်များစွာက ပူးပေါင်းကြသည်…

တစ်၏တန်ဖိုး

အထက်တန်း ကျောင်းသူလေး ကင်မ် ဟက်စ်ကင်းစ်၏ ကျောင်းဆင်းပွဲမတိုင်မီ နာရီပိုင်းအလိုတွင် မတော်တဆယာဉ်တိုက်မှု ဖြစ်ပြီး ကင်မ်၏ဖခင် သေဆုံးသွားသည်။ သူမ နှင့်မိခင်တို့ကို ဆေးရုံတင်လိုက်ရသည်။ နောက် တစ်နေ့တွင် ကင်မ်၏ကျောင်းအုပ်ဆရာကြီး ဂျိုး ဂါရက် ဆေးရုံသို့ရောက်လာခဲ့ပြီး သူ့အတွက် အထူးအစီအစဉ်တစ်ရပ်ကို ပြုလုပ်ပေးချင် ကြောင်းပြောသည်။ မကြာမီ သူ့အတွက်သီးသန့် ကျောင်းဆင်းပွဲ ကျင်းပပေးခဲ့ပြီး အခမ်းအနားတွင် ကင်မ်အပေါ် ကရုဏာသက်နေကြသည့် ဆရာ ဆရာမများ၊ ကျောင်းအုပ်ချုပ်ရေး အဖွဲ့များနှင့် သူငယ်ချင်းများက ကျောင်းခန်းမအပြည့် တက်ရောက်ခဲ့ကြသည်။ ၎င်းတို့က ဝိုင်းဝန်းပံ့ပိုးပြီး နွေးထွေးလှိုက်လှဲစွာ မေတ္တာပြအားပေးနှစ်သိမ့်ကြောင်းကို ဂျိမ်းစ် ဒရူးက ကော်လိုရာဒို စပရင်း ဒေသထုတ် The Gazette စာစောင်၌ ရေးသားခဲ့သည်။
ကျောင်းအုပ်ကြီး ဂါရက်က“ပညာရေးမှာ ဘယ်ကလေးမှ နောက်ကျမကျန်ရစ် အောင် ကျွန်တော်တို့အများကြီး ဆွေးနွေးကြသလို စစ်တပ်မှာလည်း ဘယ်စစ်သားမှ မကျန်ခဲ့ဖို့…

ပိုမိုသာလွန်ထူးခြားသော

“အန်တီ ဂျူလီ၊ ဒီလိုဖြစ်လာမှာ မဟုတ် ပါဘူး။ ဒါကိုဘဲမျှော်လင့်နေတဲ့ အန်တီ့စိတ်ထဲက အဲဒီအတွေးတွေလည်း မကြာခင် ပျောက်သွား မှာပါ။” “မျှော်လင့်စရာအကြောင်း မရှိဘူးဆိုတာ ငါလည်းသိတယ်။ ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ၊ ဖြစ်ရင်ဖြစ်မှာ။” မိသားစုတွင် ကြုံရသည့် အခြေအနေတစ်ရပ်နှင့်ပတ်သက်ပြီး ကျွန်မတူမနှင့်ကျွန်မသည် ထိုကဲ့သို့တစ်ယောက် တစ်မျိုး ထင်ကြေးပေးပြီး နှစ်ပေါင်းများစွာ သဘော ကွဲလွဲခဲ့သည်။ “ဘုရားသခင်က မဖြစ်နိုင်တဲ့အရာကို ဖြစ်လာအောင် လုပ်ပေးခဲ့တဲ့ အဖြစ်တွေကို အမြဲလိုလိုကြားဖူးလို့ ဒီကိစ္စလည်း တကယ် ဖြစ်လာနိုင်တယ်ဆိုတာ ငါသိနေတာ” ဟု ဤစကားတစ်ခွန်းကိုဖြင့် တစ်ခါ တစ်လေ ကျွန်မပြောမိသည်။ “ဒီလို မယုံနိုင်စရာ အံ့သြစရာအဖြစ်အပျက်တွေကို ဘုရား သခင်က တစ်ခြားမိသားစုတွေမှာဘဲ ဖြစ်ခွင့်ပေးတာ။ ငါ့မိသားစုမှာတော့ ဖြစ်မလာပါဘူး” ဟူသည့် စကားကိုဖြင့် ကိုယ့်ဖာသာကိုယ်ပဲ ရေရွတ်မိသည်။
မကြာသေးမီက ကျွန်မတို့၏သင်းအုပ်ဆရာသည် ဧဖက်သြဝါဒစာကို သွန်သင်ဟောပြောခဲ့ရာ၊…

အတူရှိနေခြင်းဆုကျေးဇူး

ယခင်နှစ်များစွာက လူ့အရင်းအမြစ် ဌာန၏ မန်နေဂျာအဖြစ် အလုပ်ဝင်ကာစတွင် ကုမ္ပဏီတွင်နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော ဝန်ထမ်းတစ်ဦး၏နာရေးသို့ သွားရောက်သတင်း မေးခဲ့သည်။ သူသည် လုပ်ဖော်ဆောင်ဖက် များစွာက ချစ်ခင်သည့် ပန်းရံလုပ်သားတစ်ဦး ဖြစ်သော်လည်း ကျန်ရစ်သူဇနီးသည်မုဆိုးမထံ လာရောက်သတင်းမေးသူ အနည်းငယ်သာရှိ သည်။ အခြားသူများက ၎င်းတို့၏အပြုအမူ၊ အပြောအဆိုသည် ကျန်ရစ်သူမိသားစုအတွက် ပို၍ဝမ်းနည်းကြေကွဲစရာ ဖြစ်မည်စိုးသောကြောင့် သတင်းမေးရန် မလာကြခြင်းပါဟု လူတစ်ဦးက ရှင်းပြလျက် ၀မ်းနည်းကြေကွဲနေသော ဇနီးသည် ကို ကြိုးစား၍ နှစ်သိမ့်စကားဆိုသည်ကို တွေ့ခဲ့ရသည်။
သောကဖိစီးနှိပ်စက်နေချိန်များတွင် ကျွန်ုပ်တို့ မည်သို့နှစ်သိမ့်အားပေးခဲ့ သည်ကို မိတ်ဆွေများက မှတ်မိရန်ခဲယဉ်းပါသည်။ သို့သော်လည်း ထိုအချိန်များတွင် သူတို့အနီး၌ ကျွန်ုပ်တို့အတူရှိနေခြင်းကို သူတို့အမှတ်ရဆုံးဖြစ်သည်။ ချစ်ရသူကို ဆုံးရှုံး ရ၍ အထီးကျန်အားငယ်မှုဝေဒနာ ပြင်းစွာခံစားရချိန်တွင် အတူရှိနေပေးသောမိတ်ဆွေ များ၏မျက်နှာကိုမြင်ရခြင်းက သူတို့ထံမှနှစ်သိမ့်စကားများကြားရခြင်းထက် သာ၍ခွန်အား ဖြစ်စေသည်။ နှုတ်ဖြင့်နှစ်သိမ့်အားပေးစကားမဆိုနိုင်သောအချိန်၌ပင် ထိုကဲ့သို့ အတူပါရှိ…

တော်ဝင်အမျိုးနှင့် ထိမ်းမြားခြင်း

“To Marry an English Lord” စာအုပ်သည် ၁၉ရာစုနှစ်က ဗြိတိသျှတော်ဝင် မင်းညီမင်းသား များနှင့်ထိမ်းမြားလက်ထပ်ရန် ကြိုးစားကြသော အမေရိကန်သူဌေးကြီးများ၏ အမွေဆက်ခံသူ သမီးပျိုများအကြောင်း ရာဇဝင်ကို မှတ်တမ်းတင် ထားသည်။ သူတို့သည် ချမ်းသာပြည့်စုံသည့် လူတန်းစားဖြစ်ငြားလည်း လူမှုအသိုင်းအဝန်း၌ ကြီးကျယ်မြင့်မြတ်သည့် တော်ဝင်အဆင့်အတန်း ကို လိုလားသည်။ ဝတ္ထုအစ၌ ဗစ်တိုးရီးယား ဘုရင်မကြီး၏သားတော် မင်းသား အဲလ်ဘတ် သည် လူမှုရေးအခမ်းအနားတစ်ခုတက်ရောက် ရန် အမေရိကန်ပြည်ထောင်စုသို့ ခရီးထွက်ခွာ သွားပြီး၊ သူဌေးသူကြွယ်များ၏သမီးပျိုများစွာတို့သည် မင်းသား၏တော်ဝင်သတို့သမီး ဖြစ်ရန် မျှော်ရည်မှန်းလျက် မင်းသားအတွက် အထူးစီစဉ်ပေးသော ကပွဲသို့ ခန်းလုံးပြည့် တက်ရောက်လာသည်။
ခရစ်တော်၌ ယုံကြည်သူများသည် ကောင်းကင်ဘုံ၏ ခမ်းနားသော တော်ဝင် လက်ထပ်ပွဲကို မျှော်လင့်ရုံမဟုတ်၊ ကိုယ်တိုင်ဆင်နွှဲရန်အခွင့်ကို အသေအချာရထားသည်။ “ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့။ ... သိုး…

ဟာဘယ်မှန်ပြောင်း၊ တိရစ္ဆာန်များ နှင့်တေးကျူးနေသောကလေးများ

ဟာဘယ် မှန်ပြောင်းဖြင့် စကြဝဠာကို ကြည့်ရှုခြင်း၊ တိရစ္ဆာန်ဥယျာဉ်သို့ သွားရောက် လည်ပတ်ခြင်း၊ သီချင်းဆိုနေသည့် ကလေးများ စသည်တို့၌ တူညီချက်က အဘယ်နည်း။ ဆာလံ ၁၄၈ မှ သွန်သင်ချက်အရ ၎င်းတို့သည် ဘုရား သခင်၏ ကြီးကျယ်အံ့မခန်းသော ဖန်ဆင်းခြင်းကို ပြညွှန်နေခြင်းက တူညီသည်ဟုဆိုနိုင်ပါသည်။
ဘုရားက ကမ္ဘာကြီးကို ဖန်ဆင်းသည် ဟူသော အချက်နှင့်စပ်လျဉ်း၍ မကြာခဏ
ထိုးနှက် ဝေဖန်ကြသည်။ ထို့ကြောင့် ကြီးမြတ်သော ဖန်ဆင်းခြင်းလက်ရာများအတွက် ကောင်းကင်ဘုံရှင် အဖအား အတိုင်းထက်အလွန် ချီးမွမ်းရန် ကျွန်ုပ်တို့ကို သတိပေးသည်။ ဖန်ဆင်းခြင်းလက်ရာများကို နှိုးဆော်သည်။
ဟာဘယ် မှန်ပြောင်းမှတစ်ဆင့် စကြဝဠာရှိ ကြယ်တာရာများ၏အံ့သြ မိန်းမောဖွယ်ရာပုံရိပ်များကို ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ တောက်ပသော ကြယ်တစ်လုံး ချင်းစီက ဘုရား၏အံ့ဖွယ်ဖန်ဆင်းခြင်းအလှကို ပြန်လည်ဆင်ခြင်မိစေသည်။ ထို့ကြောင့် ဆာလံဆရာက “ထွန်းလင်းသောကြယ်အပေါင်းတို့၊ ချီးမွမ်းကြလော့ (း၃)” ဟုဆိုသည်။
တိရစ္ဆာန်ဥယျာဉ်တွင်…

ရေများများသောက်

ကော်လိုရာဒိုသို့ လာရောက်သော ဧည့်သည်များသည် အများအားဖြင့် ရေဓာတ် ဆုံးရှုံးခြင်းဝေဒနာ ခံစားရသည်ကို သတိမပြုမိ ကြပါ။ ရာသီဥတုပူပြင်းခြင်း၊ တောင်ပေါ်ဒေသ ဖြစ်ခြင်းကြောင့် ကိုယ်ခန္ဓာထဲမှ ရေဓာတ် အလွယ်တကူ ခန်းခြောက်သည်။ ထို့ကြောင့် လာရောက်လည်ပတ်သူများအား ရေများများ သောက်ရန် မြေပုံနှင့်ဆိုင်းပုဒ်များတွင် နှိုးဆော် ထားသည်။
ကျမ်းစာထဲတွင် ယေရှုကို ကျွန်ုပ်တို့ အတွက် နက်နဲသော လိုအပ်မှုကို ဖြည့်ဆည်းပေး သည့် သက်စမ်းရေအဖြစ် ပုံဆောင်ထားသည်။ ထို့ကြောင့် ရေတွင်းအနီး ရှမာရိအမျိုးသမီးနှင့် စကားပြောခြင်းအကြောင်းက အမှတ်ထင်ထင်၊ ကွတ်တိကိုက်ညီနေသည် (ယော ၄း၁-၄၂)။
ယေရှုက ရှမာရိမိန်းမအား “ငါသောက် ဘို့ရေပေးပါ” ဟုမိန့်တော်မူ၏(း၇)။ သခင်ယေရှုနှင့် ရှမာရိအမျိုးသမီး၏ စကားပြောခန်းက မြန်မြန်ဆန်ဆန်ပင် ဇာတ်ရှိန်မြင့်လျက် “ယေရှုကလည်း ဤရေကိုသောက်သောသူသည် နောက်တစ်ဖန်ရေငတ်ဦးမည်။ ငါပေးသောရေကိုသောက်သောသူမူကား ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌…

ရဲရဲရင့်ရင့်

နာရီကြော်ငြာတစ်ခုတွင် နာရီဝယ်လျှင် အရောင်တောက်တောက် လက်ပတ်ကြိုးကို ဝယ်ပြီး၊ အဝတ်အစားကို အခြားအရောင် ဝတ်ဆင်ရန် အကြံပြုသည်။ ဆန့်ကျင်ဖက် အရောင်များကြောင့် လူများက နာရီကိုသတိပြု မိမည်။ “ပြီးတော့ သင့်ရဲ့အရောင်ရွေးချယ်မှု ထူးခြားတာ သဘောပေါက်သွားမယ်။ သင့်ကို အားကျမိလိမ့်မယ်” ဟုဆိုသည်။ တစ်ခါတစ်ရံ လူများက မိမိလုပ်သလိုလိုက်လုပ်လျှင် ကျွန်ုပ်တို့ စိတ်၌ ပျော်ရွှင်သဘောကျနေတတ်သည်။
၁ ကော ၄ တွင် ရှင်ပေါလုက “ငါကျင့်သည်နည်းတူ သင်တို့သည်ကျင့်ကြမည်အကြောင်း ငါနှိုးဆော်တောင်းပန်၏ (း၁၆) ဟုဆိုထားရာ၊ သူ့စကားက ဝါကြွားသည်၊ ရဲတင်းသည်ဟု သင်တွေးမိမည်။ သို့သော် သေချာစွာလေ့လာပါလျှင် ရှင်ပေါလုအနေဖြင့် ထိုသို့ ရဲရင့်ရသည့်အကြောင်းရင်း ရှိကြောင်းတွေ့ရသည်။ စင်စစ် သူက အကြီးမြတ်ဆုံးသော အစေခံကြီး ခရစ်တော်ကဲ့သို့ ကျင့်ခြင်းကြောင့် သူ့ကိုအတုယူရန် ပြောခြင်းဖြစ်သည် (၁ကော ၁၁း၁)။
ခရစ်တော်ကို နာခံလိုက်လျှောက်ခြင်းကြောင့် ဒုက္ခဆင်းရဲညှင်းဆဲမှုများကို…

“ငါက ဘာမို့လို့”

ယခင်နှစ်များစွာက အင်္ဂလန်နိုင်ငံ ကင်းဘရစ်ခ်ျ တက္ကသိုလ်တွင် နံမည်ကျော် ဧဝံဂေလိဆရာကြီး ဘီိလီ ဂရေဟမ် လာရောက် ဝေငှရန်စီစဉ်ရာ၊ သူ၌ ဘွဲ့ထူးဂုဏ်ထူး မရှိ၊ ကျမ်းစာကျောင်းလည်း မတက်ဖူးသဖြင့် ခေတ် ရှေ့ပြေး အတွေးအခေါ်ရှင်များကို ဟောပြောရန် သူ့ကိုယ်သူ အရည်အချင်းမရှိဟု ခံစားရသည်။ ဘီလီက သူ့ခံစားချက်ကို သူစိတ်ချရသည့် အရင်းနှီးဆုံးသူငယ်ချင်းအား ပြောပြသည်။ “ဒီစေစားမှုအတွက် မပြည့်စုံသေး၊ ဘာမှ မပြင်ဆင်ရသေးဘူးလို့ပဲ ခံစားနေရတယ်။ ဘာကြောင့်လဲဆိုတာ ကိုယ့်ကိုယ်ကို နားမလည် ဘူး” ဟုပြောခဲ့သည်။ သို့နှင့် ဘုရားသခင်ထံမှ မစမှုတောင်းခံခဲ့ပြီး ဧဝံဂေလိတရားနှင့် ခရစ်တော်၏ကားတိုင်တရား စသည့် ရိုးရှင်းသော သမ္မာတရားကို ဝေငှရန် ဘုရားသခင်သူ့ကို အသုံးပြုခဲ့သည်။
ဖာရောဘုရင်ထံ ဝင်၍ဣသရေလလူမျိုးတို့ကို လွှတ်ပေးရန် မောရှေအား ပြောကြားစေရာ၌လည်း မောရှေက “ကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍ ဖာရောဘုရင်ထံသို့ ဝင်သဖြင့် ဣသရေလအမျိုးတို့ကို အဲဂုတ္တုပြည်မှ…